ပုလော ဇွန် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ ဖိတ်ခေါ် ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန်လ ၂၈ ရက်နေ့ ညနေ ၂ နာရီက ပုလောမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စည်းလုံးညီညွတ်ရေး၊ အားကစားစိတ်ဓာတ်မြင့်မားစေရန်နှင့် မြို့နယ်အတွက်အကောင်းဆုံးသော အားကစားသမားများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပုလောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဟန်ကြည်က ပြောကြားသည်။
ဗိုလ်လုပွဲတွင် မကျည်းကုန်းကျေးရွာအသင်းနှင့် အမှတ်(၁)ရပ်ကွက်အသင်းက ယှဉ်ပြိင်ခဲ့ရာ မကျည်းကုန်းကျေးရွာအသင်းက ပထမဆုရရှိကြောင်း၊ ပထမဆုရရှိသည့် မကျည်းကုန်းကျေးရွာအသင်းနှင့် ဒုတိယရရှိသည့် အမှတ်(၁)ရပ်ကွက်အသင်းကို ပုလောမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်ကြည်နှင့် တာဝန်ရှိသူများက ဒိုင်းဆုများ၊ ငွေသားဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပုလော(ပြန်/ဆက်)