ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပုသိမ် ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားရုံတွင် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည်က “လူငယ်ရေးရာကော်မတီအနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းတွင် စနစ်တကျဖြင့် စာတွေ့လက်တွေ့သင်ကြားပြီးဖြစ်သောကြောင့် မြို့နယ်အဆင့်၊ တိုင်းအဆင့်အခမ်းအနားများတွင် အခမ်းအနားမှူးများအဖြစ် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း” အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ အခမ်းအနားမှူးသင်တန်းဖွင့်လှစ် ပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါအခမ်းအနားကို (၁၅-၆-၂၀၂၆)ရက်နေ့မှစ၍ (၂၈-၆-၂၀၂၆)ရက်နေ့အထိ သင်တန်းအမှတ်စဉ်များခွဲ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က စာတွေ့ လက်တွေ့သင်ကြားပို့ချပေးခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ စုစုပေါင်း(၁၄၃)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)