ကျိုက်လတ် ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မှိုစိုက်ပျိုးရေးနှင့် မှိုအခြေခံထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး နည်းပညာပေးသင်တန်းကို ပန်းဘဲစုကျေးရွာအုပ်စု၊ အခြံချောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က မှိုစိုက်ပျိုးရာတွင် မှိုမျိုးစေ့ရွေးချယ်နည်း၊ မှိုစိုက်ပျိုးရန် ကုန်ကြမ်းပြင်ဆင်နည်း၊ မှိုအိတ်ထုပ်ပြုလုပ်နည်း၊ မှိုစိုက်ပျိုးထိန်းသိမ်းနည်းများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နည်းပညာပေးသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်/တိုး/မြင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)