ဖျာပုံမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းဖွင့်

ဖျာပုံ ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့်ရက် (၁၀၀)စီမံချက်ဖြင့် ပျားမွေးမြူရေး ပြည်သူပညာပေး သင်တန်းဖွင့်ပွဲကို ဇွန်လ (၂၉)ရက်နေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ်ငါးလုပ်ငန်း သင်တန်းကျောင်းတွင် ပြုလုပ်ကြသည်။
ရှေ့ဦးစွာပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဒေါက်တာဆောင်းနှင်းဖြူဖြူက ပျားမွေးမြူရေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြသည်။

အဆိုပါသင်တန်းသို့ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဆောင်းနှင်းဖြူဖြူနှင့် ဝန်ထမ်းများ၊ ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းသို့ ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး)မြို့နယ်များမှ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ စုစုပေါင်း(၂၀)ဦးအား ပျားမွေးမြူရေးဌာနမှ တာဝန်ရှိသူများက နှစ်ရက်ကြာ စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)