ရမည်းသင်းမြို့နယ်၌အခြေခံ/မွမ်းမံစက်ချုပ်နည်းပညာသင်းတန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရမည်းသင်း  ဇွန်  ၂၉

မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဦးဆောင်၍ ကျေးလက်နေမိသားစုနှင့် အမျိုးသမီးများအတွက် ဝင်ငွေတိုးပွားရေးစီမံကိန်း၊ ရက်(၁၀၀)စီမံချက်ဖြင့် ဖွင့်လှစ်သော အခြေခံ/မွမ်းမံ စက်ချုပ်နည်းပညာသင်းတန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ဇွန်၂၉ရက် နံနက်၁၀နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က  အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးဦးဝင်းဗိုလ်က ရက်(၁၀၀)စီမံချက်ဖြင့်ဖွင့်လှစ်သော အခြေခံ/မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်ရခြင်းမှာ အမျိုးသမီးများအတွက် နိုင်ငံ့စီးပွားရေးမြှင့်တင်ခြင်းအားဖြင့် မိမိတို့၏မိသားစုဝင်ငွေအတွက် တစ်နိုင်တစ်ပိုင်စီးပွားရေးအနေဖြင့် တစ်ဖက်တလမ်းမှ ဝင်ငွေ​တိုးပွားမှုအတွက် အထောက်အကူပြုလိုအပ်ပါကြောင်းရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစိန်မြင့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းတို့ကဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ထူးချွန်သင်တန်းသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိန်းပြည့်ဇော်(ရမည်းသင်း)