ချမ်းမြသာစည် ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်ဦးစီးဌာန ချမ်းမြသာစည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးကို ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် သမဝါယမအသင်းများ၏ ဝင်ငွေကြေညာလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။
ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ချိုဦးက အမှာစကား ပြောကြားပြီး ဦးစီးအရာရှိ ဦးကျော်အေးလှိုင်က အခွန်ဆိုင်ရာသိကောင်းစရာများနှင့် ဝင်ငွေခွန်ကြေညာလွှာအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်သမဝါယမဦးစီးမှူး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သိရှိလိုသည်များမေးမြန်းကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး မြို့နယ်သမဝါယမအသင်းစုနှင့် အခြေခံသမဝါယမအသင်းစု ၂၅ စုတို့၏ ဝင်ငွေကြေလွှာများကို မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်ဖြူသွယ်နွယ်က မြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ချိုဦး၊ မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်ဖြူသွယ်နွယ်၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အသင်းစုတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းသစ်