အမာ သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင် သြဂုတ်လ ၃ ရက်နေ့မှစ၍ ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် ဂေါ်ဒူကျေးရွာမှ အိမ်ထောင်စုများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ကူညီမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သြဂုတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့က ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ဂေါ်ဒူကျေးရွာရှိ နေအိမ်(၁၀)လုံးနှင့် လူဦးရေ(၃၄)ဦးတို့၏ အိုးအိမ်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းနှင့် ဝန်ထမ်းများက လေဘေးသင့် ဂေါ်ဒူကျေးရွာ မှအိမ်ထောင်စု (၁၀)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁ဝဝဝဝဝဝိ/-) ဆန်ရိက္ခာဖိုး(၇၁၄ဝဝိ/-) ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ပါအိမ်ထောင်စု(၁၀)စု၊ ASA kid(၁၀)စုံ စုစုပေါင်းကျပ် (၁၀ရ၁၄ဝဝိ/-) အား သက်ဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။
နော်လေး(အမာ)