မြင်းမူမြို့တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မြင်းမူ ဇွန် ၃၀

မြင်းမူမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းလျက် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး  းလိုက်နာဆောင်ရွက်မည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်အချက်များကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့အတွင်း မော်တော်ယာဉ် ၂ စီးဖြင့် လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မြင်းမူမြို့အတွင်းရှိ ဒေသခံပြည်သူများ အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းကို အနောက်ပိုင်းရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံ ရုံးဝန်းအတွင်း က္ကုဒ္ဓိဇေယျာသံဃာ့ဆေးရုံဆောင်တွင် ဧပြီလ (၁) ရက်နေ့မှစ၍ ယနေ့အထိ နေ့စဉ် နံနက် (၁၀) နာရီမှ ညနေ (၃) နာရီအတွင်း ဖွင့်လှစ်ကာ သက်ကြီး ဘိုး/ဘွားများ၊ အပူဒဏ်မခံနိုင်သူများ၊ Heat Stroke လူနာများလာရောက်အပူရှောင်နားခိုနိုင်ပြီး လိုအပ်သော ဓာတ်ဆားထုပ်၊ အချိုရည်၊ ရေသန့်များ စီစဉ်ထားရှိကာ ကျန်းမာရေး ပြုစု စောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။

နေလင်းအောင်(ပြန်/ဆက်)