ခိုင်ကမ်း ဇန်နဝါရီ ၂၂
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း ၁၀၀ အထက် လုပ်ငန်းများဖြစ်သည့် လမ်းမကြီးကတ္တရာခင်းခြင်းနှင့် မီးသတ်ရုံးနှင့် လျှပ်စစ်ရုံးသွားလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကတ္တရာလမ်းခင်းခြင်း (၅၂၈၀×၁၈ )ပေ လုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၂၁၁ ဒသမ ၈၄၈ သန်းဖြင့် ပန်းလိပ်ပြာနှင့် Myanmar Power Solotion ကုမ္ပဏီတို့မှ တင်ဒါအောင်မြင်ခဲ့ပြီး၊ မီးသတ်ရုံးနှင့် လျှပ်စစ်ရုံးသွားသည့်လမ်း (၁၃၀၀×၁၈)ပေ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို Van Zion နှင့် Nat Mauk Hlawn Moe ကုမ္ပဏီတို့မှ ခွင့်ပြုရန်ပုံငွေကျပ် ၁၁၆ ဒသမ ၄၀၀ သန်းဖြင့် အောင်မြင်ခဲ့ပြီး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မြို့စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)