အမာမြို့၊ မင်္ဂလာသောင်တန်းကျေးရွာ၌ လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်၊ ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် လူနေအိမ်(၁၀)လုံး ပြိုကျပျက်စီး

အမာ    သြဂုတ်    ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်၊ ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် လူနေအိမ်(၁၀)လုံးပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် မင်္ဂလာသောင်တန်း ကျေးရွာတွင်   ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေအိမ်(၁၀)လုံး ပြိုကျပျက်စီးခဲ့ပြီး  လူ၊ တိရစ္ဆာန် ထိခိုက်သေကြေပျက်စီးမှု မရှိကြောင်း ၊ လေဘေးသင့် အိမ်ထောင်စု(၁၀)စု၊ လူဦးရေကျား(၂၄)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်း(၄၁)ဦးမှာ ၎င်းတို့၏ ဆွေမျိုးများထံတွင် ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း သိရသည်။

နော်လေး(အမာ)