ထန်တလန် ဇန်နဝါရီ ၂၂
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ခြောက်သွေ့ရာသီ ရောက်ရှိပြီဖြစ်သဖြင့် မီးဘေးလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်မီးသတ် ဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီရောင်းသည့် ဆိုင်များ အနေဖြင့် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးထားရှိရန်၊ မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ဆေးဗူး အလွယ်တကူ အသုံးပြုပုံတို့ကို ဆိုင်ရှင်များအား အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး ထန်တလန်မြို့တွင်း၌ စက်သုံးဆီရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)