ကာလိ သြဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ အခြေအနေများကို ကျောင်းကျန်းမာရေးဌာန တာဝန်ရှိသူများမှ ယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ကွန်ဟိန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်စိုး ၊ ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဦးရဲမင်းဌေး၊ ကွန်ဟိန်းမြို့နယ် ပညာရေးမှူး ဒေါ်နန်းဖြူ ဆိုင် ၊ ကွန်ဟိန်းမြို့နယ် ကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေး ဒေါ်နန်းဝတ်ရည်ထွန်းနှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများကျောင်းအတွင်းမဝင်မီ လက်ဆေးဘေစင် ၊ လက်သန့် ဆေးရေဖြင့် လက်ဆေးခြင်း ၊ ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း၊ Face Shield မျက်နှာကာများ စနစ်တကျ တပ်ဆင် ထားခြင်း ရှိ/ မရှိနှင့် ကျောင်းသားမိဘများ ကျောင်းသို့မလာမီနှင့် လာရောက်စဉ် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)