မတူပီမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့်စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မတူပီ            ဇန်နဝါရီ                 ၂၃

နွေရာသီပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နေ ပြည်သူများ မီးဘေး သတိမူစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကွီလိုင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မတူပီမြို့ စက်သုံးဆီ အရောင်းဆိုင်များသို့ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရှာရှိ ဦးကွီလိုင်းက စက်သုံးဆီရောင်းသူများအား ပွင့်လင်း ရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများ စီစဉ် ဆောင်ရွက် သွားရန်နှင့် မီးဘေး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးအန္တရာယ် မဖြစ်အောင် စနစ်တကျ ကိုင်တွယ် အသုံးပြုကြရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက အရေးပေါ် မီးငြိမ်းသတ်နိုင်ရန်အတွက် မီးသတ်ဆေးဘူးများ လုံလောက်စွာ ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီး ဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် ကိစ္စရပ်များကို အသိပညာ ပေးဆွေးနွေး ခဲ့သည်။

မတူပီမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးဘေးကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ မီးဘေး ကြိုတင် ကာကွယ်ရေး အသိပညာပေး ဆွေးနွေး ဟောပြောခြင်း၊ မီးဘေးလုံခြုံ စိတ်ချရမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)