ဘိုကလေး ဩဂုတ် ၆
ဒေသအနှံ့အပြားတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်များ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူများ၊ ဝက်မွေးမြူရေး သမားများ၊ ဝက်လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် စီးပွားရေးထိခိုက်မှု မရှိစေရေးနှင့် ရောဂါ ပျံ့နှံ့ကူးစက်မှု မရှိစေရေးအတွက် ယနေ့နံနက်(၉)နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၎င်းတို့အဖွဲ့ပိုင် စည်ပင်သာယာရေးဈေးများအတွင်း အာဖရိက ဝက်အပြင်းဖျား ရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။
အဆိုပါ ဆိုင်းဘုတ်များတွင် ဝက်မွေးမြူသူများ၊ ဝက်ကုန်သည်များ၊ လိုင်စင်ရ ဝက်လုပ်ငန်း လုပ်ကိုင်သူများအတွက် အာဖရိက ဝက်အပျင်းဖျားရောဂါ ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဖော်ပြထားရှိကြောင်းနှင့် လိုင်စင်ရဝက်သားဆိုင်များမှ ရောင်းချလျက်ရှိသော အသားများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစာ္ဆန်ဆေးကု ဆရာဝန်များ၏ စစ်ဆေးမှုခံယူထားသော အသားများသာကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)