ချီဖွေမြို့နယ်၌ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့မှ မသန်စွမ်းနှင့် ကိုယ်ဝန်ဆောင် မိခင်တို့အား စုပေါင်း၍ အဟာရမုန့်နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ချီဖွေ  ဇန်နဝါရီ  ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းသည် ဇန်နဝါရီလ(၂၂)ရက် ညနေပိုင်းအချိန်တွင် မသန်စွမ်းသူနှင့် ကိုယ်ဝန်ဆောင် မိခင်တို့အား အဟာရမုန့်နှင့် အလှူငွေ ကူညီထောက်ပံ့ လှူဒါန်းကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ချီဖွေမြို့နယ် တောင်တန်းသာသနာပြု ဘုန်းကြီးကျောင်း ဆရာတော်ထံ လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ မြို့ပေါ်ဥက္ကပ်ရပ်ကွက် အတွင်းရှိ မသန်စွမ်းအမျိုးသမီးအား အလှူငွေ()သောင်း နှင့် အဟာရမုန့်၊ ကြက်ဥ၊ အလှူငွေများ ထောက်ပံ့ပေးအပ်ခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်းအတွက် လိုအပ်သည်များ ဝယ်ယူဖြည့်ဆည်းရန်အတွက် အလှူငွေ()သောင်း၊ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအား မိခင်နှင့်ကလေး ကျန်းမာရေးဌာန သားဖွားဆရာမ ဒေါ်ဇာဇာခိုင်က ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် အဟာရဖြစ်စေမည့် ကြက်ဥ၊ မုန့်၊ အလှူငွေ()သောင်းတို့ကို ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။

ယင်းသို့လှူဒါန်း ထောက်ပံ့ခြင်းအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်နှင့် အဖွဲ့တို့က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ လှူဒါန်းကြောင်း သိရသည်။

ချီဖွေ(မြို့နယ်ပြန်/ဆက်)