မချမ်းဘော့၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ

မချမ်းဘော့   သြဂုတ်   ၆

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရန်ရည်ရွယ်၍ မချမ်းဘော့မြို့မဈေးတွင် ယနေ့နံနက် (၆)နာရီတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

Mask များအခမဲ့ဖြန့်ဝေပေးခြင်းကို မချမ်းဘော့မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်သန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့ ပူးပေါင်း၍ မြို့မဈေးအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများကပ်ခြင်းကို ဆောင်ရွက်ပေးခဲ့သည်။ 

အဆိုပါ အသိပညာပေးပိုစတာတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများနှင့် လူထူထပ်သည့်နေရာများသို့ သွားလာခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါရန် ရှောင်ရန်ဆောင်ရန် အသိပညာပေးခြင်းများပါဝင်သည်။

ထို့နောက်အဖွဲ့ဝင်များက မြို့မဈေးအတွင်းရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသည့် ဒေသခံပြည်သူများအား Mask များ အခမဲ့ ဖြန့်ဝေးပေးခဲ့ ကြောင်းသိရသည်။

ခွန်လင်းဦ(ပြန်/ဆက်)