ခိုင်ကမ်း ဇန်နဝါရီ ၂၅
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ် ၁၀ သန်းအောက် လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ လုပ်ငန်းများစတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၀ သန်းအောက် လုပ်ငန်း (၄)မျိုးရှိရာမှ ခိုင်ကမ်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဦးနိုင်ကီးအွမ် အိမ်အနီးရေပြွန်တည် ဆောက်ခြင်းအတွက် ငွေကျပ် ၇ သန်းဖြင့် မိဘမေတ္တာ ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ပြီး၊ အမှတ်(၁) ရပ်ကွက်ရှိ ဒေါ်ကျင်အဲ့ဟောက် အိမ်အနီး ရေပြွန်တည် ဆောက်ခြင်းအတွက် ငွေကျပ် ၆ သန်းဖြင့် တွီးထန်ကုမ္ပဏီမှ တင်ဒါအောင်မြင်ကာ လုပ်ငန်းများ စတင်ဆောင်ရွက် လျက်ရှိကြောင်း မြို့စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)