ခိုင်ကမ်းမြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းများ ဆောင်ရွက်

ခိုင်ကမ်း  ဇန်နဝါရီ  ၂၅

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ အသိပေး ရှင်းလင်းခြင်းနှင့် ကြီးကြပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းများကို ရပ်ကွက်များအလိုက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုင်ကမ်းမြို့တွင် ရပ်ကွက်လေးခုရှိပြီး အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက် တို့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လည်းကောင်း၊ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက် တို့ကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

သို့ဖြစ်ရာ မြို့ကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် မြို့အုပ်ချုပ်ရေးမှူး ဦးလှမျိုးက ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ၂၂.၁၂.၂၀၂၀ ရက်နေ့ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၄၅၄(၂၀၂၀ခုနှစ်)အား တက်ရောက်လာသည့် အိမ်ထောင်စု ကိုယ်စားလှယ်များထံသို့ ရှင်းလင်းဆွေးနွေးခြင်း ရပ်ကွက် ကြီးကြပ်ရေးမှူးများကို ဥပဒေ၊ နည်းပဒေများနှင့်အညီ ရွေးချယ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် အိမ်ထောင်စု ကိုယ်စားလှယ်များမှ မရှင်းလင်းသည့် အချက်များကို ပြန်လည် မေးမြန်းခဲ့ကြပြီး တာဝန်သူများက ပြန်လည် ဖြေကြား ရှင်းလင်းခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်အလိုက် အိမ်ထောင်စု ကိုယ်စားလှယ်များမှ ရပ်ကွက် ကြီးကြပ်ရေးမှူးများကို တစ်ရပ်ကွက်လျှင် ၅ ဦးစီး ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)