ဟားခါး ဇန်နဝါရီ ၂၅
ချင်းပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ သီလရှင်ကျောင်းများ၊ မိဘမဲ့ဂေဟာ ကျောင်းများ၊ မြို့ဝင် ပူးပေါင်း စစ်ဆေးရေးဂိတ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားရှိခိုး ကျောင်းများသို့ တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းများနှင့် လက်သန့်ဆေး ရည်ဗူးများ လိုက်လံလှူဒါန်းခြင်းကို ယနေ့က ဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ လိုက်လံလှူဒါန်းခြင်းကို ချင်းပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရမ်ချွမ်းမန်နှင့် ဝန်ထမ်းများက သီလရှင်ကျောင်းများ၊ မိဘမဲ့ဂေဟာကျောင်းများ၊ မြို့ဝင်ပူးပေါင်း စစ်ဆေးရေး ဂိတ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားရှိခိုးကျောင်းများသို့ ရောက်ရှိ၍ လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများနှင့် လက်သန့်ဆေးရည်ဗူး လှူဒါန်းခြင်းများတွင် သီလရှင်ကျောင်းများနှင့် မိဘမဲ့ဂေဟာကျောင်း (၈)နေရာအတွက် တစ်နေရာလျှင် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းအမျိုးအစား(၅)မျိုးပါ (၁၀)ဖာနှုန်းနှင့် လက်သန့်ဆေးရည်ဗူး (၃၆)ဗူးပါ (၂)ဖာနှုန်းဖြင့် လည်းကောင်း၊ မြို့ဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်များ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ဘုရားရှိခိုးကျောင်း (၁၆)နေရာအတွက် တစ်နေရာလျှင် လက်သန့်ဆေးရည်ဗူး (၃၆)ဗူးပါ (၁)ဖာနှုန်းဖြင့် လည်းကောင်း၊ နေရာပေါင်း(၂၆)နေရာအတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်း တစ်ဖာလျှင် (၅)မျိုးပါ (၈၀)ဖာနှင့် လက်သန့်ဆေးရည်ဗူး တစ်ဖာလျှင်(၃၆)ဗူးပါ (၃၂)ဖာတို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)