ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်း၏ မီတာ(၄၀၀)ပြေးလမ်း Synthetic ခင်းကျင်းနိုင်ရေးအတွက် ကွင်းဆင်း မြေတိုင်းတာမှု အခြေအနေအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ကွင်းဆင်းစစ်ဆေး

ဟားခါး ဇန်နဝါရီ ၂၆

ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်း၏ မီတာ(၄၀၀)ပြေးလမ်း Synthetic ခင်းကျင်းနိုင်ရေးအတွက် ကွင်းဆင်းမြေတိုင်းတာမှု အခြေအနေအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့သည်။

ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်း၏ မီတာ(၄၀၀)ပြေးလမ်း Synthetic ခင်းကျင်းနိုင်ရေးအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ကွင်းဆင်း မြေတိုင်းတာမှု စတင်ဆောင်ရွက်မှု အခြေအနေများကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မီတာ(၄၀၀)ပြေးလမ်း Synthetic ခင်းကျင်းခြင်းကို ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၁၀၅၀)သန်းဖြင့် တင်ဒါအောင်မြင်သည့် REVA ကုမ္ပဏီလီမီတက်က တာဝန်ယူကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ နေ့မှစတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဇွန်လအတွင်း အပြီးတည်ဆောက်သွား မည်ဖြစ်ကြောင်း၊ လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးနှင့် လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် REVA ကုမ္ပဏီလီမီတက်မှ အမြဲမပြတ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် နည်းတူ ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ပြည်နယ်ဉီးစီးမှူးနှင့် ဝန်ထမ်းများကလည်း နေ့စဉ်ကြီးကြပ် ဆောင်ရွက်ပေး သွားမည်ကြောင်း သိရသည်။

အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)