ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ နမ့်ဆန်မြို့နယ်နှင့်မန်တုံမြို့နယ်ရှိ အထကကျောင်းများအား ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

နမ့်ဆန် ဩဂုတ် ၆

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဒေသဦးစီးအဖွဲ့ရုံးရန်ပုံငွေဖြင့် နမ့်ဆန်မြို့ နယ်နှင့် မန်တုံမြို့နယ် အတွင်းရှိ အထကကျောင်း (၁၅)ကျောင်းအတွက် ကိုဗစ်-၁၉ ပစ္စည်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ဒေသဦးစီးရုံးခန်းမ၌ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများထံ ထောက်ပံ့ပေးခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးသည့် ပစ္စည်းများမှာ လက်ဆေးဘေစင် (၄၅)ခုနှင့် ကျောင်းသား တစ်ဦးစီအတွက် နှာခေါင်းစည်း mask  (၂)ခုစီတို့ဖြစ်ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ကျပ် (၁၀)သိန်းခန့်ရှိပြီး နမ့်ဆန်မြို့ရှိ အ.ထ.က ကျောင်း (၁၁)ကျောင်း၊ မန်တုံမြို့နယ်ရှိ အထက ကျောင်း(၄)ကျောင်းတို့အတွက် အသီးသီး ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။ ကိုဗစ်-၁၉ ကာလတွင် ကျောင်းသား/သူ များ စိတ်အေးချမ်းစွာ စာသင်ကြားနိုင်ရန်၊ စာသင်ချိန်များတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် စာသင်ကျောင်းများတွင် လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန် ဆက်)