ကျီခါးမြို့၌ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် မဲစာရင်းသွားရောက် ကြည့်ရှုရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကျီခါး  ဩဂုတ်လ ၆

ချင်းပြည်နယ်၊ ကျီခါးမြို့၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ ပူးပေါင်းပြီး ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလက်ကမ်း စာစောင်နှင့် မဲစာရင်းသွားရောက်ကြည့်ရှုရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီ အချိန်က ကျီခါးမြို့ပေါ်ရပ်ကွက်၌ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား လက်ကမ်းစာစောင် (၂၀၀)အား ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများထံအရောက် အခမဲ့ လိုက်လံဖြန့်ဝေခြင်း၊ မဲစာရင်းတွင် သင့်အမည်ပါ၀င်ပါသလား ပိုစတာ(၈)ခုနှင့်မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ ပိုစတာ(၆) ခုတို့အား အများမြင်သာ သည့်နေရာများတွင် လိုက်လံကပ်ထားခြင်း နှင့်မဲဆန္ဒရှင်များ မဲစာရင်း သွားရောက်ကြည့်ရှုရေး ပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ကျီခါးမြို့ပေါ် ရပ်ကွက်၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)