သီပေါမြို့နယ်တွင်(CERP)အစီအစဉ်အရ ကျင်သီကျေးရွာနှင့် တိန်းချေ/ တိန်းစံကျေးရွာတို့တွင် ကြက်/ဝက် မွေးမြူ ထုတ်လုပ်ရေးသင်တန်း ဖွင့်လှစ်

 

သီပေါ  သြဂုတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေး စီမံချက်ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေးသင်တန်းများဖြစ်သည့် ကြက်မွေးမြူလုတ်လုပ်ရေးသင်တန်းနှင့် ဝက်မွေးမြူထုတ်လုပ်သင်တန်းများကို ယနေ့ နံနက်(၉)နာရီ အချိန်က အဖွဲ့(၂)ဖွဲ့ခွဲ၍  ကျင်သီ ကျေးရွာနှင့်  တိန်းချေ/ တိန်းစံကျေးရွာများတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ကြက်/ဝက်မွေးမြူထုတ်လုပ်သင်တန်းတွင် သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါက်တာ အုန်းအုန်းမြင့် က တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု အကြောင်းအရာများအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက ကြက်မွေးမြူထုတ်လုပ်သင်တန်းနှင့် ဝက်မွေးမြူထုတ်လုပ် သင်တန်း နှစ်မျိုးကို ဆက်လက်ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့သည်။

ဝက်မွေးမြူထုတ်လုပ် သင်တန်းတွင် ဝက်မျိုးများ၊ ဝက်မွေးမြူမည့်ခြံနေရာ ရွေးချယ်ခြင်း၊ ဝက်ခြံဆောက်လုပ်ခြင်း၊ မျိုးစပ်ခြင်းနှင့် မျိုးပွားခြင်းဆိုင်ရာ အချက်အလက်များ၊ ဝက်များ သားဖွားခြင်း၊ ဝက်ကလေးပြုစု စောင့်ရှောက်ခြင်း၊ အစာရေစာ ကျွေးခြင်း၊ဝက်များတွင်ဖြစ်ပွားတတ်သော ရောဂါများနှင့် ကာကွယ်ဆေး ထိုးခြင်းများကို သင်ကြားပို့ချပေးခြင်း၊  ကြက်မွေးမြူ ထုတ်လုပ် သင်တန်းတွင်လည်း ကြက်များတွင် ဖြစ်ပွား တတ်သော ရောဂါများနှင့် ကာကွယ်ကုသနည်း စသည့်သင်ခန်းစာများကို ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်းနှင့် သင်တန်းတစ်ခုစီတွင် သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးစီဖြင့် စုစုပေါင်း(၄၀)ဦး တက်ရောက် လျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)