မန့်ဟီးရိုးမြို့တွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာများတွေ့ဆုံ

 

မန့်ဟီးရိုး ဩဂုတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် အဖွဲ့သည် ယမန် နေ့ နေ့လယ် ၂ နာရီခွဲအချိန်က မန့်ဟီးရိုးမြို့အတွင်းရှိ မြို့အဆင့် ဌာနဆိုင်ရာနှင့် တွေ့ဆုံခဲ့သည်။

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းနှင့်အဖွဲ့သည် မန့်ဟီးရိုးမြို့အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်နှင့်  မြို့ အဆင့်ဌာနဆိုင်များ၊ မြို့မစခန်းမှူး ရဲအုပ် တင်အောင်စိုး၊ တပ်ဖက်ဆိုင်ရာ တာဝန်ရှိသူများ၊ မီးတပ်တာဝန်ခံ လက်ထောက်ဦးစီးနှင့် မြို့မိမြို့ဖ ဦးစိုင်းချစ်ငွေတို့နှင့် တွေ့ဆုံကာ မြို့ အတွင်းတာဝန်ကျဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် မိမိတို့မြို့အတွက် လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအပေါ် အားမလျှော့ဘဲ ဆက်လက် ဆောင်ရွက်ပေးကြရန်၊ ဝန်ထမ်းများ အပေါ်အမြင်ကြည်လင်စွာဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်၊ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ ကာလအတွင်း  အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရန်တို့ကို မှာကြားခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့သည် မန့်ဟီးရိုးမြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ ဂိတ်ပေါက်သို့ သွားရောက် ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

စန္ဒာ(ပြန်/ဆက်)