မြစ်ကြီးနား သြဂုတ် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများကို ယနေ့ နံနက် ၁၀ နာရီတွင် ပြသခဲ့ကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများဖြစ်သည့် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်စာရင်းပါဝင်ပါသလား အသိပညာပေးပိုစတာများ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းများဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ အသိပညာ ပေးလက်ကမ်းစာစောင် ပြသခြင်းနှင့် စာကြည့်တိုက် လာ စာဌား/ စာဖတ်ပရိတ်သတ်များအား ရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိ ရသည်။
အဆိုပါ အသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်များတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာချက်ကို ပြည်သူများသိရှိနိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသူတိုင်း ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန်အတွက် မဲစာရင်လာကြည့်သည့် ပြည်သူများအနေဖြင့် မဲစာရင်းကြည့်ရှုရာတွင် အမည်မပါလျှင် ပုံစံ(၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့် သူပါဝင်နေပါက ပုံစံ(၄) ဖြင့်လည်းကောင်း၊ အချက်အလက်မှားယွင်းနေပါက ပုံစံ(၈)ဖြင့် လည်းကောင်း (၁၄)ရက်အတွင်း အချိန်မီဖြည့်စွတ်လျှောက်ထားနိုင်ရန် အသိပညာပေးခြင်းများ ပါဝင်ကြောင်းသိရသည်။
ထိုနောက် ရွေးကောက်ပွဲ ပိုစတာနှင့် လက်ကမ်းစာစောင်များကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့တွင် ပြသထားနိုင်ရေးနှင့် ဖြန့်ဝေနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများထံသို့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ယော်ဆောင်(ပြန်/ဆက်)