ကျုံ​ပျော်တွင် မဲစာရင်းကြည့်ရှုသူ ၂၄၅၂၇ ဦးနှင့် ​တောင်းဆို၊ ကန့်ကွက် ပြင်ဆင်သူ ၅၇၃ ဦးရှိ​

ကျုံ​ပျော်  သြဂုတ်  ၆

၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​ အောင်မြင်စွာကျင်းပနိုင်​ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်တွင် ထုတ်ပြန်​ကြေညာလျက်ရှိရာ ယ​နေ့အထိ မဲစာရင်းကြည့်ရှုသူ ၂၄၅၂၇ ဦးနှင့် ​တောင်းဆို၊ ကန့်ကွက် ပြင်ဆင်သူ​ပေါင်း ၅၇၃ ဦး ရှိ​နေပြီဖြစ်​ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်​ကွက်/ကျေး​ရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်​နေ့အထိ (၁၄) ရက်ကြာ​ ကြေညာပေးလျက်ရှိပြီး၊ ပြည်သူများ မဲစာရင်းများ လာ​ရောက်ကြည့်ရှုရန် အသိ​ပေးလှုံ့ဆော်ခြင်း၊ လက်ကမ်းစာ​စောင်များဖြန့်​ဝေခြင်း၊ ခရိုင်၊ မြို့နယ်​ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများကလည်း မဲစာရင်း​ကြေညာမှု စနစ်တကျရှိ​ရေးတို့ကို ကွင်းဆင်းကြီးကြပ်​ ဆောင်ရွက်ခြင်းနှင့် မဲစာရင်း ပြည့်စုံမှန်ကန်ရေး ကွက်လပ်ဖြည့်သွင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့ကိုလည်း ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ​ရွေး​ကောက်ပွဲအတွက် ကျုံ​ပျော်မြို့နယ်အတွင်း မဲ​ပေးပိုင်ခွင့်ရှိသူ ၁ သိန်း ၈ ​သောင်း ဝန်းကျင်ရှိပြီး၊ မဲရုံ​ပေါင်း  ၂၃၃ ရုံဖြင့် ဆန္ဒမဲ​ပေးခြင်း လုပ်ငန်းများ​ ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။


နေဝင်းမြင့်(ကျုံ​ပျော်)