မယ်စဲ့ ဇန်နဝါရီ ၂၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ပထမ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေး အပ်ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာမြင့်တို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄)အုပ်စုရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား စုစုပေါင်း ၁၀ ဦးကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) ပထမ(၃)လပတ် အတွက် တစ်ဦးလျှင် တစ်လ ကျပ် ၁၀၀၀၀ နှုန်း၊ သုံးလစာ ကျပ် ၃၀၀၀၀ ဖြင့် စုစုပေါင်း ငွေကျပ် ၃၀၀၀၀၀ ကို ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ခဲ့ကြောင်း သိရ သည်။
ဝတ်ရည် (ပြန်/ဆက်)