မယ်စဲ့ ဇန်နဝါရီ ၂၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် မယ်ဆည်နမ်စစ်ဆေးရေးဂိတ်နှင့် နမ့်မန်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် များ၊ ခရီးသွား ပြည်သူများအား နေ့စဉ်ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ကျန်းမာရေး ထောက်ခံချက်များ စိစစ်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိရာ အဆိုပါဂိတ် နှစ်ဂိတ်အတွက် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ခဲ့ ကြောင်း သိရသည်။
ထို့သို့ထောက်ပံ့ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းနိုင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မယ်ဆည်နမ်စစ်ဆေးရေးဂိတ်နှင့် နမ့်မန်းစစ်ဆေးရေးဂိတ်တို့ တွင် တာဝန်ကျနေသော ဝန်ထမ်းများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် တစ်ဂိတ် လျှင် ဇန်နဝါရီ တစ်လစာ ထောက်ပံ့ငွေကျပ် ၅၄၂၅၀၀ နှင့် နှစ်ဂိတ်စာ စုစုပေါင်းငွေကျပ် ၁၀၈၅၀၀၀ ကို သွားရောက်ထောက်ပံ့ခဲ့ ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)