လဲချား သြဂုတ် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာတွင် ကျန်းမာရေးဌာနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက် ၁ နှစ်ခွဲအောက် ကလေးများကို ဘီစီဂျီ၊ အသည်းရောင် အသားဝါ(ဘီ)၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန် ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာတွင် လဲချားမြို့ပေါ်ရပ်ကွက်(၄) ရပ်ကွက်မှ ကလေးငယ် စုစုပေါင်း (၃၁) ဦး အား စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)