ပန်းတနော်မြို့၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္တတန်း သင်ရိုးသစ် မြို့နယ်အဆင့် Face to Face သင်တန်းပို့ချ

ပန်းတနော်  သြဂုတ်  ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္တတန်း သင်ရိုးသစ် မြို့နယ်အဆင့် Face to Face သင်တန်းကို ယနေ့နံနက် ၉ နာရီက အ-ထ-က (၁)  ကျောင်းတွင်  စတင်ပို့ချလျက်ရှိသည်။

အဆိုပါ သင်တန်းကို သြဂုတ်လ ၆ ရက်နေ့မှ ၁၁ ရက်နေ့အထိ မြို့နယ်အတွင်းရှိ သင်တန်းသား ဆရာ ဆရာမ (၁၂၅) ဦးအား သင်တန်း နည်းပြ ဆရာ / ဆရာမ (၁၂) ဦးက မြို့နယ်အဆင့်တွင် ပြန်လည်သင်ကြားပို့ချပေးခြင်းဖြစ်ပြီး   ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Social Distancing စနစ်ဖြင့် သင်ကြားပို့ချလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေးချမ်းအောင်(ပန်းတနော်)