ကျိုင်းတုံ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းက ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြစိမ်းရောင် ကျေးရွာ စီမံကိန်းကော်မတီဝင်များအား ဆက်လက်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲခေါင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာကော်မတီဝင်များက ကျေးရွာစီမံကိန်းများနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြကြရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ပေးခဲ့ကြကြောင်း သိရသည်။
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေဖြင့်ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း များကို ကျေးရွာမှ ကိုယ်တိုင်အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကျေးရွာလူထု၏ စွမ်းဆောင်ရည်တိုးတက် လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များကျရောက်လာပါက တုန့်ပြန်မှု အားကောင်းသော လူမှုအဖွဲ့ အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)