တပ်ကုန်း ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများ၏ ထပ်တိုးတင်ပြထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းက ထောက်ပံ့ငွေပေးအပ်ရသည့် ရည်ရွယ်ချက်များနှင့် ထောက်ပံ့ငွေများပေးအပ်ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အခြေခံလူတန်း စားများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ထပ်တိုး အိမ်ထောင်စုပေါင်း(၄၀၉၃)စုအတွက် တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေ ကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေကျပ်ပေါင်း (၈၁၈၆၀၀၀၀)ကို ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား ထပ်တိုးအိမ်ထောင်စု ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်