ဝမ်းတွင်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေပွဲဆောင်ရွက်

                                                                 ဝမ်းတွင်း ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိ ပညာပေးဆွေးနွေးပွဲကိုယနေ့နံနက်ပိုင်းက ဝမ်းတွင်း အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရပ်ကွက်အခြေပြု လူကုန်ကူးမှုစောင့်ကြည့်ရေးအဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များရှင်း လင်းဆွေးနွေးခြင်း၊ လူကုန်ကူးမှု/ လူမှောင်ခိုမှု၊ ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာသိကောင်းစရာများအကြောင်း ဆွေးနွေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လူကုန်ကူးမှု၊လူမှောင်ခိုမှုကြိုတင် ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများကို အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းကို အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ စိတ်(မိတ္ထီလာ)မှတပ်ဖွဲ့စိတ်မှူး ရဲအုပ်သူရထံမှသိရသည်။

အဆိုပါလူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေပွဲသို့ တပ်ဖွဲ့စိတ်မှူး ရဲအုပ် သူရ ဦးစီး၍ ရဲတပ်ကြပ်ကြီး ​တိုး​ငွေ၊ ရဲတပ်ကြပ်ကြီး သိန်းဝင်းလှိုင်၊ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦးမြင့်ဇော်၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုလတ်နှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်း(၂၁)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)