ဆွမ်ပရာဘွမ်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု ဥပဒေ၊ ပြင်ဆင်သည့်ဥပဒေများ၊ နည်းဥပဒေ ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးရွေးချယ်

ဆွမ်ပရာဘွမ် ဇန်နဝါရီ ၂၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းကျေးရွာ၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု ဥပဒေ၊ ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေး အဖွဲ့ဝင်()ဦးရွေးချယ် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ကချင်ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက ဖုန်ကျန်းကျေးရွာ၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု ဥပဒေ၊ ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေ ပြင်ဆင်သည့် နည်းဥပဒေများ၊ ကြီးကြပ်ရေး အဖွဲ့ဝင်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်နည်း အဆင့်ဆင့်ကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ကျေးရွာပြည်သူများက ကြီးကြပ်ရေး အဖွဲ့ဝင်()ဦးကို ရွေး ချယ်ပေးခဲ့သည်။ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု ဥပဒေ၊ ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေ ပြင်ဆင် သည့် နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေး အဖွဲ့ဝင်()ဦး ရွေးချယ်ဆွေးနွေးပွဲကို မြို့ပေါ်ရပ်ကွက် () ရပ်ကွက်နှင့် ကျေးရွာအုပ်စု ()အုပ်စုရှိ ကျေးရွာ(၁၃)ရွာက ဘုရားကျောင်းများ၊ ခန်းမများ၌ ဇန်နဝါရီလ (၂၃) ရက်မှ (၂၅) ရက်နေ့ထိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်း၊ မြို့နယ် လဝက ဦးစီးမှူး ဦးအောင်ကျော်စိန်၊ မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေးတို့ ပါဝင်သည့် အဖွဲ့()နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်စမ်းအောင်၊ မြို့နယ် စီမံကိန်းဦးစီးမှူး ဦးဟောင်းဒိုင်၊ မြို့နယ်လမ်းဦးစီးမှူး ဦးအောင်ကိုဝင်း၊ မြို့နယ်လယ်စီ/အင်း ဦးစီးမှူး ဦးအောင်ဇော်ဌေး တို့ပါဝင်သည့် အဖွဲ့()တို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုဋေ (ပြန်/ဆက်)