မင်းတပ်၌ စီးပွားဖြစ်ဝဥစိုက်ပျိုးခြင်းဖြင့်တောင်သူများဝင်ငွေရ

မင်းတပ်  သြဂုတ်  ၆

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည့် ဝဥကိုပြည်တွင်းသာမက  ပြည်ပစျေးကွက်ကပါ ဝယ်ယူကြကြောင်းသိရသည်။

စျေးကွက်ဝင်ဝဥကို စိုက်ပျိုးရာတွင် အရွက်မှထွက်ရှိသည့် အသီးကိုခူးကာ တိုက်ရိုက်အ​စေ့ချ စိုက်ပျိုးခြင်းဖြင့် လည်းကောင်း၊ ရွက်သီးမှရရှိသောအသီးကို ပျိုးဘောင်ဖြင့် ပျိုးထောင်ကာ တစ်နှစ်သားရှိပါက တစ်နှစ်ဥကိုချ၍ စိုက်ပျိုးသည့်နည်းဖြင့် လည်းကောင်း၊ နည်းလမ်း နှစ်မျိုးဖြင့် ဧပြီလ၊ မေလ တို့တွင် စိုက်ပျိုးလေ့ရှိပါတယ်။

ရွက်သီးကို တိုက်ရိုက်အစေ့ချစိုက်ပျိုးပါက တစ်ဧကကို(၈)တင်းစိုက်ပျိုးရပြီး၊ တစ်နှစ်ဥကို  စိုက်ပါက တစ်ဧကကိုဝဥလုံးရေ (၈၀၀၀)သတ်မှတ်ပြီး မြေအနေအထား၊ စိုက်ပင်အကွာ အဝေး ပျှမ်းမျှတွက်ချက်ပြီး စိုက်ပျိုးရပါတယ်။

တိုက်ရိုက်အစေ့ချ စိုက်ပျိုခြင်းကို စိုက်ပြီး(၃)နှစ်အကြာတွင် တူးဖော်၍ တစ်နှစ်သားဥကို နှစ်နှစ်ကြာသည့်အခါ တူးဖော်လေ့ရှိပါတယ်။ အထွက်နှုန်းကတော့ စနစ်တကျစိုက်ပျိုးပါက တစ်ဧကကို ပိဿာချိန်(၄၀၀၀) ကျော်ထွက် ရှိပါတယ်။ မနှစ်က ကာလပေါက်စျေးကတော့ ဝဥခြောက် တစ်ပိဿာကို ၁၃၀၀၀ ကျပ်ရရှိပြီး ဝဥအစို တစ်ပိဿာကို ၂၅၀၀ ကျပ် ထိရှိပါတယ် "  ဟု ဝဥစိုက်တောင်သူဦးရှိန်းခယ်ထံမှသည်။

အဆိုပါ ဝဥကို စားသုံးကုန်အဖြစ်လည်းကောင်း၊ ဆေးဝါးထုတ်လုပ်ရာတွင်လည်းကောင်း သုံးစွဲကြပြီး ဝဥတွင် ရေ၊ အသားဓာတ်၊ အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒြိပ်ဓာတ်၊ ပြာဓာတ်၊ သံဓာတ်၊ ဗီတာမင်အေများ ပါဝင်ကြောင်းနှင့် ချင်းပြည်နယ်အတွင်းရှိ တောင်သူများ၏ အဓိကစီးပွားဖြစ် စိုက်ပျိုးသည် သီးနှံဖြစ်ကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)