ကန်ပက်လက် ဇန်နဝါရီ ၂၆
ချင်းပြည်နယ်၊ မင်းတပ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်သည် ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ကန်ပက်လက် မြို့နယ်အတွင်းရှိ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်သည်။
ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ရုံးအဆောက်အဦ ဆောင်ရွက်ပြီးစီးမှု၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောက်လုပ်မည့် စည်ပင်ရိပ်သာမြေနေရာနှင့် ပြည်တွင်း ပြည်ပ လာရောက် အပန်းဖြေ စခန်းဖြစ်သည့် (ကိုလောင်) ရေတံခွန်၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သန်းမောင်(ပြန်/ဆက်)