သိုင်းငင်း-တီးတိန် ကားလမ်း(၇မိုင် ၆ ဖာလုံ) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို မတ်လကုန်တွင် ပြီးစီးရန် လျာထား ဆောင်ရွက်

တီးတိန်  ဇန်နဝါရီ  ၂၆

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်း-တီးတိန် ကားလမ်း (၇မိုင် ဖာလုံ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း မတ်လကုန်တွင် ရာနှုန်းပြည့်ပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို သိုင်းငင်းရွာအနီး မိုင်တိုင်အမှတ်()ကီလိုမီတာမှ () ကီလိုမီတာအထိ၊ မိုင်တိုင် အမှတ် ၁၀ ဒသမ ကီလိုမီတာမှ ၁၄ ကီလိုမီတာအထိ၊ မိုင်တိုင်အမှတ် ၁၄ ကီလိုမီတာမှ ၁၆ ဒသမ ကီလိုမီတာအထိနှင့် မိုင်တိုင်အမှတ် ၃၂ ဒသမ ၅၈၉ ကီလိုမီတာမှ ၃၇ ကီလိုမီတာအထိ စုစုပေါင်း ၁၂ ဒသမ ၄၉၉ ကီလိုမီတာ ( မိုင် ဖာလုံ)ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် သန်း (၅၀၀)နှင့် ချင်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် ၄၁၉၄ ဒသမ ၈၈၀ သန်း စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၄၆၉၄ ဒသမ ၈၈၀ သန်းဖြင့် (လမ်းအရှည်- ၇မိုင် ဖာလုံ၊ အကျယ်-၁၈ပေ၊ အထု-၉လက်မ)ကို လမ်းအထူးအဖွဲ့ (၁၀)က တာဝန်ယူပြီး ၂၀၂၀ ဒီဇင်ဘာ ၂၀ ရက်နေ့မှ လုပ်ငန်းစတင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကာ လက်ရှိတွင် လုပ်ငန်းအားလုံး၏ ၂၈ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းအားလုံးကို ၂၀၂၁ခု၊ မတ်လကုန်တွင် လုပ်ငန်းအားပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းတာဝန်ခံ  ဦးကျော်မျိုးထက် ထံမှသိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)