ဖလမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ဖလမ်း  ဇန်နဝါရီ  ၂၇

ဖလမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် နာရီခွဲမှစ၍ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း ချယ်ရီခန်းမ၌ စတင် ဆောင်ရွက်သည်။

ကျွန်တော်တို့ ဖလမ်းမြို့နယ်မှာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လက်အောက်ပေါ့နော် အဲဒါနဲ့ဆိုရင် ကျွန်တော်တို့ ဝန်ထမ်းက (၄၆၀)ကျော်ရှိတာပေါ့နော်။ အဲဒါကို ကျွန်တော်တို့ ထိုးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမနက် နာရီ ၃၅ အချိန်ကနေ စထိုးနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဆေးထိုးတဲ့ အဖွဲ့ကတော့ အသုတ်()သုတ်ခွဲထားတယ်။ ဒီကာကွယ်ဆေးထိုး လာခံတဲ့သူကလည်း သူ့ Table နဲ့သူ လာထိုးမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဒီနေ့တစ်နေ့ကုန် ထိုးနိုင်ဖို့တော့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ လောလောဆယ် ဆေးထိုးတာကတော့ အဆင်ပြေတယ်။ ဆေးထိုး ပြီးတော့ မတည့်တဲ့လက္ခဏာ ပုံစံပြတာ တစ်ယောက်မှ မရှိသေးဘူး။ ကျွန်တော် ကိုယ်တိုင်လည်း ထိုးပြီးသွားပြီး ထွေထွေထူးထူးတော့ ဘာမှမခံစားသေးဘူးလို့ ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာ တလွန်ကျုံးထန် က ပြောသည်။

ကာကွယ်ဆေး နှင့်ပတ်သက်ပြီးတော့ ပထမဦးဆုံးအနေနဲ့တော့ ကျွန်တော် ကျေးဇူးတင်ထိုက်သူတွေပေါ့နော် ကမ္ဘာပေါ်မှာလည်း အစောဆုံးထိုးရတဲ့ ထဲမှာပေါ့နော်ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သော်လည်းနိုင်ငံမှာရှိတဲ့ခေါင်းဆောင် တွေအားလုံးရဲ့ ကြိုးစားမှုကြောင့်ပေါ့နော် အလှူရှင်တွေ ပေါ်မှာရော တကယ်ကျေးဇူးတင်စရာ ကောင်းပါတယ်လို့ ဖလမ်းမြို့နယ် ကျောင်းကျန်းမာရေး တာဝန်ခံ ဒေါက်တာ ထန်ရှမ်းမွမ် က ပြောသည်။

ဖလမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဂျွန်