ဖလမ်း၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ဖလမ်း  ဇန်နဝါရီ  ၂၇

ဖလမ်းမြို့နယ်၊ အဲလ်မွှန်ပီးကျေးရွာတွင် အကောင်အထည်အဖော် ဆောင်ရွက်မည့် ကျေးရွားဖွံ့ဖြိုးရေး စီမံကိန်း (Village Development Plan) မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီရွေးချယ်ခြင်းနှင့် သင်တန်းသား ရွေးချယ်ခြင်း လုပ်ငန်းများကို ယမန်နေ့က ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ကို ဖလမ်းမြို့နယ်အတွင်း ကျေးရွာ(၁၀)ရွာ ကျေးရွာ()ရွာ ငွေကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာ(၁၈)ရွာ၌ ငွေကျပ်သန်း(၁၈၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ဂျွန်