ရေဇွာ ဇန်နဝါရီ ၂၇
ချင်းပြည်နယ်၊ ရေဇွာမြို့ရပ်ကွက်(၄)ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် အခြေခံပညာ အထက်တန်း ကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရေဇွာမြို့ စည်ပင်အမှုဆောင် ဒေါ်ဇာမီဝင်း၊ ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းရီနှင့် စာတိုက်မှူး ဒေါ်ငွန်ထွေးတို့က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အုပ်ချုပ်ရေးမှူးများ တွင် ရှိရမည့် အရည်အချင်းများကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းများကို ပြည်သူလူထု၏ အဆိုပြုရွေးချယ်မှုအရ ကြီးကြပ်ရေး အဖွဲ့(၅)ဦးကို စနစ်တကျ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)