ရွှေသောင်ယံမြို့ ကျွန်းချောင်းကျေးရွာတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ပထမပတ်လုပ်ငန်း များ ဆောင်ရွက်

ရွှေသောင်ယံ    ဩဂုတ်   ၆

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ပထမပတ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို သဘော့ကန် ကျေးလက်ကျန်းရေးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

ပထမဦးစွာ ကျွန်းချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မိခင်နိုတိုက်ကျွေးရေး ရက်သတ္တပတ် ပထမပတ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ အကျိုးကျေးဇူးများ၊ အန္တရာယ် လက္ခဏာများနှင့် သက်ဆိုင်ရာ အကြောင်းအရာများအား ကျန်းမာရေးဆရာမများမှ ဟောပြောရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ခြောက်လမှ ငါးနှစ်အောက် ကလေးများ၊ မိခင်များလာရောက်၍ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ နေထိုင်ပြီး နားထောင်ခဲ့ကြသည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများမှ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဗီတာမင်အေတိုက်ကျွေးခြင်း၊ သံခြဆေးတိုက်ကျွေး ပေးခြင်းတို့ကို ဆောင်ရွက်ပြီး ကျေးရွာတွင်းသို့ လှည့်လည်ကာ အိုင်အိုဒင်းဆား သုံးစွဲရာမှာ အိုင်အိုဒင်းဓါတ် ပြည့်ဝမှု ရှိ/မရှိ စစ်ဆေး၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကိုကိုမောင် (ပြန်/ဆက်)