တီးတိန် ဇန်နဝါရီ ၂၇
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်- ၁၉ ကာကွယ်ဆေး COVISHIELD ကို ယနေ့နံနက် ၉ နာရီက သတ်မှတ်ထားသည့် စုရပ်နှစ်နေရာတွင် စတင်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုး က သွားရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။
ထိုသို့ ထိုးနှံရာတွင် တီးတိန်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးခြင်း ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ အထူးကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
COVID-19 Vaccine (COVISHIELD)ကာကွယ်ဆေးထိုးနှံမည့်သူများသည် ဆန်းစစ်ခြင်းပုံစံနှင့် Consent form တွင်ပါရှိသော ကာကွယ်ဆေးထိုးခြင်းအားဖြင့် ရရှိမည့်အကျိုးကျေးဇူး၊ ကာကွယ်ဆေးမထိုးသင့်သူများ၊ ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးများပါ အချက်အလက်များကို ဖတ်ရှုသိရှိနားလည်ပြီး ကာကွယ်ဆေးထိုးရန် သဘောတူလက်မှတ်ပါရှိမှ ဆေးထိုးနှံပေးခြင်း ဖြစ်ကြောင်းနှင့် တီးတိန်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း (၄၆၉)ဦးရှိကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)