ခိုင်ကမ်းမြို့ လူထုအခြေပြုဗဟိုဌာနတွင်  အမျိုသမီးအိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

ခိုင်ကမ်း ဇန်နဝါရီ ၂၇

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန တွင် မြို့အမျိုးသမီးရေးရာအဖွဲ့နှင့် SACC (Social Action For Communities Changes)တို့ပူးပေါင်းကာ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

Talk Show တွင် အမျိုးသမီးရေးရာအဖွဲ့ မှ ဒေါ်ဟေမာမွှေး နှင့် SACC မှ ဆရာမ ဒေါ်မာလာခိုင် တို့က ဒေသတွင်းရှိ အမျိုးသမီး အကြမ်းဖက်ခံရမှုများ၊  အကြမ်းဖက်ခံရသည့် အမျိုးသမီးများ အတွက် လက်တွဲပူးပေါင်းကာဆောင်ရွက်မှုများ၊ အမျိုးသမီးများ၏ အိမ်တွင်းအိမ်ပြင် အကြမ်းဖက်ခံရမှု လျော့နည်းရေး အသိပညာပေးလှုပ်ရှားမှုများကို အများပြည်သူသိရှိနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးချက်များကို ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Online စာမျက်နှာများတွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)