ကျောက်မဲ ဩဂုတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် အလှူရှင်များဖြင့် စုပေါင်းအားဖြင့် တည်ဆောက်ရှိသော အလျား ပေ ၁၀၀ ၊ အနံ ပေ ၄၀ ရှိ ရွှေရတု ခန်းမဆောင်အတွက် ယနေ့နံနက် ၁၁ နာရီအချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းနှင့် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ရာ ကျောင်းအကျိုးတော်ဆောင် ဦးစိုးထွန်းနှင့် ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်မြင့် တို့က လက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါဆောက်လုပ်လျက်ရှိသော ခန်းမဆောင်အတွက် ပြည်သူ့လွှတ်တော်ဒုတိယဉက္ကဌ ဦးထွန်းထွန်းဟိန်မှ ငွေကျပ် ၁ သိန်း၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ မှ အလှူငွေကျပ် ၁၀ သိန်း၊ မြို့မိမြို့ဖ ဦးဇော်မင်းမောင်က ဘိလပ်မြေ ၁၀၀ အိတ်၊ မြို့မိမြို့ဖ ဦးတင်မောင်ဦးက ဘိလပ်မြေ ၃၀ အိတ် ၊ ဆောင်းဟေမာန် ကုမ္မဏီမှ ဘိလပ်မြေ ၃၀ အိတ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)