ဖလမ်း ဇန်နဝါရီ ၂၇
ဖလမ်းခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၁)ကို ယနေ့နံနက် ၁၁ နာရီက ဖလမ်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်သည်။
အစည်းအဝေးတွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းက အမှာစကားပြောကြားပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁)မှတ်တမ်းကို ပြန်လည်ဖတ်ကြားပြီး နောက် ခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များက အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်