ဟားခါး ဇန်နဝါရီ ၂၇
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခဲ့ရာ ဇန်နဝါရီ ၂၇ ရက်နေ့က ကျောက်ဆည်မြို့မှ ဝင်ရောက်လာသည့် (၁၂)ဘီးကုန်တင်ယာဉ်မောင်း အမျိုးသား(၁)ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ၍ ရောဂါပိုးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကုန်တင်ယာဉ်မောင်းအမျိုးသား(၁)ဦးသည် ဟားခါးမြို့အဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးခြင်းဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် သီးခြားလူနာတင်ယာဉ်ဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံသို့ပို့ဆောင်လျက် ဆေးကုသမှုခံယူစေပြီး ၄င်းနှင့်အတူ လိုက်ပါလာသည် ယာဉ်နောက်လိုက်အမျိုးသား(၁)ဦးအား ဟားခါးမြို့ Facility Quarantine သို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးခြင်းကို ကြီးကြပ်ဆောင်ရွက်ရာတွင် ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပြည်နယ်ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက Swab နမူနာ စစ်ဆေးခြင်း ရှိန်အဟုန်မြှင့်ဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်းသိရှိရသည်။
ဟားခါးမြို့သို့ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးပြီး Negative အဖြေရသူများကိုသာ ဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Positive အဖြေရသူ ရှိခဲ့လျှင် ဟားခါးပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင် ဆေးကုသမှုခံယူ စေမည်ဖြစ်ကြောင်း၊ ဟားခါးမြို့ အဝင်စစ်ဆေးရေးဂိတ်တွင် နံနက်ပိုင်း(၉)နာရီမှ (၁၁)နာရီအထိ၊ ညနေပိုင်း(၂)နာရီမှ (၄)နာရီအထိ အချိန် နှစ်ပိုင်းခွဲ၍ ဆက်လက် စစ်ဆေးသွား မည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများကိုသာ(Swab Negative Certificate)ထောက်ခံစာ မြို့တွင်းဝင်ထွက် သွားလာခွင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ Swab နမူနာ(၁)ကြိမ်စစ်ဆေးလျှင် ငွေကျပ်(၁၀၀၀၀) ပေးဆောင်ရမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေး လျှင် စစ်ဆေး Negative (သို့မဟုတ်) Positive သိရှိနိုင်ရန် (၂၅)မိနစ်နှင့် မိနစ်(၃၀)ကြာမြင့်ကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းကို လိုက်နာမှု မရှိသူများအား မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသွားများအား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိသူ အမျိုးသား(၁)ဦး ပြန်လည်ပေါ်ထွက်လာသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ဆေးကုသခံယူ အမျိုးသား(၂)ဦးရှိကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)