တွန်းဇံမြို့၌ ကိုဗစ် -၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

တွန်းဇံ ဇန်နဝါရီ        ၂၇

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီအချိန်တွင် သတ်မှတ်ထားသည့် စုရပ်နေရာတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် တွန်းဇံမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံ ပေးမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီး၏ သတ်မှတ်ထားသည့်လမ်းညွှန်ချက်များနှင့် အညီအထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

COVID-19 Vaccine (COVISHIELD) ကာကွယ်ဆေးထိုးနှံမည့်သူများသည် ဆန်းစစ်ခြင်း ပုံစံနှင့် Consent form တွင်ပါရှိသောကာကွယ်ဆေးထိုးခြင်း အားဖြင့်ရရှိမည့်အကျိုးကျေးဇူး၊ ကာကွယ်ဆေး မထိုးသင့်သူများ၊ ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးများပါ အချက်အလက်များကို ဖတ်ရှုသိရှိနားလည်ပြီး ကာကွယ်ဆေးထိုးရန်သဘောတူလက်မှတ်ပါရှိမှသာ ဆေးထိုးနှံပေးခြင်း ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှသိရသည်။

ဝေဖြိုး(ဇလပ်မြေ)