လိုင်လင်းပီ ဇန်နဝါရီ ၂၈
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း(၁၀.၅၅၀)ဖြင့် မြို့တွင်းလမ်းမီးများ တပ်ဆင်ခြင်းကို ၂၀၂၁ ခုနှစ်၊ ယမန်နေ့မှစ၍ မြို့လျှပ်စစ်မှူးရုံးမှ စတင်တပ်ဆင် လျက်ရှိကြောင်းသိရသည်။
မြို့တွင်းလမ်းမီးများ တပ်ဆင်ရာ၌ အဓိကလမ်းမကြီးများကို ဦးစားပေးစနစ်ဖြင့်လည်းကောင်း ထို့နောက် လမ်းမီးမရရှိ သေးသည့်နေရာများကို ဆက်လက် တပ်ဆင်ပေးကြမည်ဖြစ်ပြီး အဆိုပါ မြို့တွင်းလမ်းမီးများ တပ်ဆင်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့ အချိန်က မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့လျှပ်စစ်မှူရုံးတာဝန်ခံ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုသတ်မှတ်ခဲ့ကြပြီးဖြစ်ကြောင်းနှင့် ယခု ဘဏ္ဍာနှစ် တွင် လမ်းမီးအလုံးရေ (၁၀၀)တပ်ဆင်ပေးကြမည်ဖြစ်သည်။
လိုင်လင်းပီမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လမ်းမီး အလုံးရေ စုစုပေါင်း(၅၀)ကို တပ်ဆင်နိုင်ခဲ့ပြီးဖြစ်ရာ ယခု ဘဏ္ဍာရေးနှစ်တွင် တပ်ဆင်သည့် လမ်းမီးများပြီးစီးသွားပါက လမ်းမီးရရှိမှုအနေဖြင့် တစ်မြို့လုံး လွှမ်းခြုံနိုင်တော့မည်ဖြစ်ကြောင်း မြို့လျှပ်စစ်မှူးရုံးတာဝန်ခံ ဦးဆက်ကျုံးလျန်ထံမှ သိရသည်။
ယာကမ်(ပြန်/ဆက်)