မိုင်းယု ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင်ကာကွယ် တားဆီးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုနှုန်းလျှော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း (Mask) မတပ်ဘဲ လမ်းသွား/ လမ်းလာ ပြည်သူများကို မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ကော်မတီအဖွဲ့မှ အခုဝယ်/အခုတပ်စနစ်ဖြင့် ယနေ့နံနက်ပိုင်း က ရှောင်တခင်စစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေး ဦးအောင်ပြည့်ဖြိုး ကြီးကြပ်မှုဖြင့် မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကော်မတီအဖွဲ့ဝင်များသည် ဒေသခံပြည်သူများ ကိုဗစ် ကာကွယ်ဆေးရရှိလာသဖြင့် ပေါ့ဆကာ နှာခေါင်းစည်း (Mask)မတပ်ပဲ သွားလာနေကြသောကြောင့် အခုဝယ် အခုတပ်စနစ် ရှောင်တခင်စစ်ဆေးမှုပြုလုပ်ရခြင်းဖြစ်ပြီး နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများကို နှာခေါင်းစည်းတပ်ပေးပြီး၊ နှာခေါင်းစည်း မတပ်ဘဲ သွားလာသူများကိုလည်း အခုဝယ်၊ အခုတပ် ဒဏ်ပေးစနစ်ဖြင့် ရှောင်တခင်ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ထုတ်ပြန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများ လျော့ပေါ့ပေးခဲ့ခြင်းများနှင့် ကာကွယ်ဆေးများရရှိနေ၍ မပေါ့ဆမှုများ မရှိစေရန်အတွက် လမ်းသွားလမ်းလာပြည်သူများကို နှာခေါင်းစည်း (Mask)များ မမေ့မလျော့ တပ်ဆင်သွား လာနိုင်စေရန်အတွက် နှာခေါင်းစည်း (Mask) ပါ/မပါကို ရှောင်တခင်စစ်ဆေးရခြင်းဖြစ်ကြောင်း မြို့ကိုဗစ်ကော်မတီအဖွဲ့ထံမှ သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)