မတူပီ ဇန်နဝါရီ ၂၈
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ကိုဗစ်−၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ် ပြည်သူ့ဆေးရုံတွင် စုရပ်အဖြစ်ထားရှိပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်−၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းတွင် မတူပီမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသစ်လွင်သိမ်း ကြီးကြပ်၍ ဆေးထိုးအဖွဲ့များက ကာကွယ်ဆေးထိုးရန် လာရောက်ကြ သည့် ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေး မထိုးမီအချိန်တွင် တစ်ဦးချင်းစီ သွေးပေါင်ချိန်ခြင်းနှင့် လိုအပ်သည့်အချက်များ စစ်ဆေး ဆောင်ရွက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ အရာထမ်း / အမှုထမ်း ဝန်ထမ်းများအား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တ(၄)ပတ်ခြား၍ နှစ်ကြိမ်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ကာကွယ် ဆေးထိုးနှံပြီးသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် လိုက်နာနေထိုင်သွားကြရန် လိုအပ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)